သတင်းနှင့် လှုပ်ရှားမှုများ
၂၄.၄.၂၀၂၄ ရက်နေ့ နံနက်(၁၀:၀၀)တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူး၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဈေးရောင်းပွဲတော်များတွင် ကုန်ပစ္စည်းများရောင်းချသည့် တောင်ငူမြို့နယ်မှ MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို (၂၃.၄.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ တက်ရောက်၍ MSMEs ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရှာဖွေဖော်ထုတ်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက် အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးမြသန်းနိုင်၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကို၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင်၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဦးစိုးဝင်း(ဒု-ကြီးကြပ်ရေးမှူး)သည် (၂၅.၄.၂၀၂၄) ရက်နေ့ နံနက်ပိုင်း (၁၀:၀၀) နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာများ Talk Show အစီအစဉ်ဖြင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစိုးမိုး (ဦးစီးအရာရှိ) နှင့် ဦးစိုးဝင်း (ဒု-ကြီးကြပ်ရေးမှူး) တို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးခရိုင် သနပ္ပင်မြို့နယ် စည်ပင်သာယာဈေး အတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။