ပန်းတနော်မြို့နယ် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းတာဝန်ခံများနှင့်တွေ့ဆုံ၍ ဝန်ဆောင်မှု အကြောင်း အသိပညာပေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်ဦးစီးမှူးနှင့် ပန်းတနော်မြို့ နယ် တာဝန်ခံရုံးမှ ဝန်ထမ်း (၂) ဦး တို့သည် (၂၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀) အချိန် တွင် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ပန်းတနော်မြို့နယ် ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သော၊ MPT, Aton, Mytel, Myanmar Net, ဆက်သွယ်ရေးလုပ်ငန်းတာဝန်ခံများအား မြို့နယ်တာဝန်ခံရုံးတွင် ဖိတ်ကြား၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ဝန်ဆောင်မှု လုပ်ငန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

   ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ ဝန်ဆောင်မှုဆိုသည်မှာ ဝန်ရဆာင်မှုဆို သည်မှာ လုပ်ငန်းသို့မဟုတ် လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါပဲ ဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကိုဆိုလိုကြောင်း၊ ဝန်ဆောင်မှု ကဏ္ဍ (၃) ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေး ရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှု နှင့်ပတ်သက်၍  စားသုံးသူများ နစ်နာမှုမရှိစေရေးအတွက် လုပ်ငန်းရှင်တို့အား သိသည့်သိထိုက်သည့် အချက်အလက်များ အသိပညာပေး ဆောင်ရွက် ခြင်း၊   စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်း နှင့် ပတ်သက် သည့်အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်းကို မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)