
၂၇.၁၀.၂၀၂၅ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများလုပ်ငန်းညှိနိူင်းအစည်းအဝေးပွဲကို မအူပင်ခရိုင်ဦးစီးမှူး စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် မအူပင်ခရိုင် ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို တင်ပြဆွေးနွေးကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတို့၏ သတ်မှတ်လုပ်ငန်းများကို မှန်ကန်တိကျစွာ လုပ်ဆောင်နိုင်ရန်၊ မြို့ရွာ၊ ပြည်သူများ အေးချမ်းသာယာရေး ၊ ဘေးကင်းလုံခြုံ ရေးတို့ကို ဆောင်ရွက်နိုင်ရန်၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍လည်းကောင်း၊ စက်မှုကဏ္ဍနှင့်ပတ် သက်၍ လည်းကောင်း၊ တရားမဝင်ကုန်သွယ်မှုနှင့် အရေးယူမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပညာ ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ လည်းကောင်း၊ အားကစားကဏ္ဍ နှင့်ပတ်သက်၍လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ကဏ္ဍနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေး မှာကြားခဲ့ကြပြီး ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ခရိုင်ဥက္ကမှာ လမ်းညွှန်မှာကြားဆွေး နွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
