သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူ အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် မြို့မဈေးအတွင်း စည်ပင်သာယာခန်းမတွင် (၁၈.၃.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးနှင့်ဥပဒေများကို ကွင်းဆင်းဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်မှစ၍ ခရိုင်ဉီးစီးမှူး၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီအရောင်းဆိုင် များသို့သွားရောက်ကာ ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီရောင်းချနေမှုအခြေအနေအား မတ်လ(၁၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီတွင် ဗိုလ်ချုပ် လမ်းမကြီး၊ ဘေးဝဲယာတွင် စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များအား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် တွံတေးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီ အမျိုးမျိုးတို့ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ မတ်လ(၁၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင် စည်ပင် သာယာမြို့မဈေး အတွင်း/အပြင် ကုန်ခြောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။