စစ်ကိုင်းမြို့ ကုန်မျိုးစုံဆိုင်များအား အရန်သင့်အစားအစာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်(၂)ဆိုင်သို ကွင်းဆင်း၍ အရန်သင့်အစားအစာအမျိုးအမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း ၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့မှုတွင် ‌စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်ပါ အသေးစိတ်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)