သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Mar 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်း များ သည် ပန်းတနော်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအရောင်း ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၈.၃.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၀:၀၀)နာရီတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

25 Mar 2024

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ဆန်စက်အကြီး (၂၇) စက်၊ ဆန်စက်အလတ် (၁၈) စက်ရှိပြီး ယခုအချိန်ထိ Gasifier တပ်ဆင်အသုံးပြုပြီး ဆန်စက် လုပ်ငန်းလည်ပတ်လျက်ရှိသော လုပ်ငန်းရှင် (၁၃)ဦးရှိကြောင်းသိရှိရပါသည်။

25 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်ချက်အရ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပြည်တွင်းတစ်နိုင်တစ်ပိုင် မြေပဲဆုံဆီလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ ပခုက္ကူမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ မြေပဲဆုံဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

25 Mar 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ (၁၄-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဒေသတွင်းစားသောက်ကုန်မျာ

25 Mar 2024

      စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်၊ မြို့နယ်တာဝန်ခံသည်  လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့မဈေးအတွင်း ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား (၁၀.၃.၂၀၂၄) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages