သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၅.၃.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီက အမှတ်(၁၀)ရပ်ကွက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဝန်ထမ်းမိသားစုများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၁၅.၃.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီက မြောင်းမြမြို့ မြို့မဈေး၌ အသိပညာပေးလှုံ့ဆော်မှု (Campaing ) ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ဖျာပုံမြို့နယ်မှ နေ့စဉ်ရရှိသည့် (ပိတ်ရက်မှအပ) ခွဲတမ်းစားအုန်းဆီများ ဖြန့်ဖြူးမှုနှင့် လက်လီရောင်းချမှု၊သိုလှောင်ထားမှုရှိ/မရှိ အခြေအနေတို့အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ စည်ပင်၊မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ မတ်လ(၁၅)ရက်နေ့တွင် မြို့မဈေးကြီးရှိ စားဆီအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေးခဲ့ကြပါသည်။
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီ အစဉ်ဖြင့် (၁၅.၃.၂၀၂၄) ရက်နေ့ မွန်းလွဲ ၁၃:၀၀ နာရီက ကန့်ဘလူမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ် နေရာများတွင်လည်းကောင်း၊ (၁၆.၃.၂၀၂၄)ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန်တွင် ကန့်ဘလူခရိုင်စု ပေါင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းကောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ကန့်ဘလူခရိုင်ဆီလုပ်ငန်းရှင် များအသင်းမှ စားသုံးသူပြည်သူများအား