သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Mar 2024

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်က  (၁၅.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့  (World Consumer Rights Day) ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူအခွင့်အရေး အလေးထားဆောင်ရွက်ပေး” Talk Show ပွဲ ပြုလုပ်ကျင်းပခဲ့ပါသည်။

22 Mar 2024

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ များ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှု ရှိစေရေးကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသကဲသို့ နယ်ပယ်အစုံ၊ အသက်အရွယ်အစုံ၊ အလွှာအုပ်စု အစုံရှိ ပြည်သူအများ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက်လည်း ဟောပြောပွဲများ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။

22 Mar 2024

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မကွေးမြို့နယ်ဦးစီးမှူး၊ ဦးမျိုးဝင်းသည် (၁၄.၃.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အား ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

22 Mar 2024

       ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်‌နေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊     ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့်   ဆီလုပ်ငန်းရှင်များအသင်းမှ ထားဝယ်ခရိုင်ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ ယာဉ်မောင်း ဦးယဉ်ထွေး၊  ယာဉ်အမှတ် 9K/7917၊ FUSO မော်တော်ယာဉ်ဖြင့်   တင်ဆောင်လာသော စားအုန်းဆီ ၁ ပေပါလျှင်ပိသာ ( ၁၁၀)     ပါသည့် စားအုန်းဆီ ၉၃ ပေပါသည် ရောက်ရှိလာခဲ့သဖြင့် တိုင်းဒေသကြီးစာ

22 Mar 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ မတ်လ(၁၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၉)ရပ်ကွက်ရှိ    ရွှေကမ္ဘာဆန်စက်သို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်     MSMEs  လုပ်ငန်း ဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။    ထိုသို့ကွင်းဆင်းခဲ့ရာတွင် ရွှေကမ္ဘာဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သောဆန်များ မြိတ်မြို့သို့  တင်ပို့မှု ရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများအရည်အသွေးပြည့်မီစေရေ

Pages