သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် စားသုံးသူပြည်သူ(၅၀)ဦးအား (၁၁.၃.၂၀၂၄)နေ့ နံနက် (၁၀:၃၀) တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များနှင့် ဆန်စက်များမှ စပါးဝယ်ယူကြိတ်ခွဲဖြန့်ဖြူးရောင်းချနေမှုအခြေအနေနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၊ ရပ်ကွက်ကျေးရွာများ၌ ဝယ်ယူဖြန့်ဖြူးလက်လီ/ လက်ကာရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာ
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း ၍ (၁၂.၃.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ရှိ ဆေးမျိုးစုံအရောင်းဆိုင် များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မတ်ပဲသည် ဈေးကွက်ရရှိနေသော ဆောင်းသီးနှံတစ်ခုဖြစ်သည်။ မတ်ပဲကို စပါးရိတ်သိမ်းပြီး သီးထပ်သီးနှံအဖြစ်လည်း ကိုင်း၊ လယ်မြေများပေါ်တွင် စိုက်ပျိုးကြသည်။ ယခုအခါ မတ်ပဲများ စတင်ရိတ်သိမ်းနေပြီဖြစ်ပြီး ဈေးကွက်အားဖြင့် ဈေးကောင်းရနေသော ဆောင်းသီးနှံ တစ်ခုဖြစ်သည်။ မအူပင်မြို့နယ် တွင် ယခင်နှစ်က မတ်ပဲစိုက်ဧက ၆၁၁၈၈ ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် (၁၃.၃.၂၀၂၄) နေ့နံနက် (၁၀:၃၀)အချိန်တွင် မအူပင်ရေလဲလမ်းမရှိ တက်နေဝင်း ပဲမျိုးစုံရောင်းဝယ်ရေး လက္ကားပွဲရုံသို့ သွားရောက်၍ မတ်ပဲဈေးနှုန်း မတ်ပဲထွက်ရှိမှု တင်ပို့မှုနှင့် ဈေးကွက် အခြေအနေများ၊ MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။