သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁၂.၃.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)အချိန်က ဓနုဖြူမြို့(၇)ရပ်ကွက် ၊ ရတနာသီရိလမ်းရှိ မာဃပဲမုန့် လုပ်ငန်းသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်နှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်လိုက်နာဆောင်ရွက်နိုင်စေရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအလှည့်ကျ နှစ်ပတ်တစ်ကြိမ် အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခဲ့ရာ မတ်လ ၈ရက်နေ့၊ Friday Talk တွင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံနှင့် ယခုနှစ် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ဆောင်ပုဒ်အကြောင
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁-၃-၂၀၂၄)ရက်နေ့၊ နံနက်
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှူဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သူဇာနှင့်ဝန်ထမ်းသည် စားသုံးပြည်သူများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ (၅-၃-၂၀၂၄)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ မြို့မဈေးအတွင်းရှိ မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၇-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ပခုက္ကူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့် လက်လီ/လက်ကားရောင်းချသည့်ဆိုင်များသို့သွားရောက်၍ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ မြေပြင်လက်ကျန်အခြေအနေများ၊ ရောင်းဝယ်မှုအခြေအနေများအား ကွင်းဆင်းစုံစမ်းမေးမြန်းခြင်းတို့ဆောင်ရွက်ခဲ့ပါသည်။