ကန့်ဘလူမြို့နယ်တွင် “ရွှေစည်တော်” မုန့်လုပ်ငန်းအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေစည်တော်” မုန့်လုပ်ငန်းမှထုတ် လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်မှ ထုတ်လုပ်ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်မ ရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး၊ မုန့်လုပ်ရာတွင် အသုံးပြုသည့်ပါဝင် ပစ္စည်းများတွင် တားမြစ်ထားသည့် ဓာတုပစ္စည်းများထည့်သွင်းအသုံးမပြုရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)