သတင်းနှင့် လှုပ်ရှားမှုများ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၂) ရက်နေ့၊ နံနက်ပိုင်းတွင် မြိတ်မြို့၊ အမှတ်(၂၀)၊ စီလမ်း၊ ထားဝယ်စုရပ်ရှိ Top One မုန့်တိုက်သို့သွားရောက်၍ မုန့်တိုက်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် ဝန်ထမ်းများအတွက် ဓာတုကင်းလွတ်အသီးအရွက်များစားသုံးစေရန်နှင့် အိမ်သုံးဈေးဖိုးစရိတ်သက်သာစေရန်ရည်ရွယ်၍ ဆောင်းရာသီသီးနှံများဖြစ်သော မုန်ညင်းထုပ်၊ ရုံးပတီပင်၊ ဘူးပင်၊ ငရုတ်ပင်၊ ပဲလွန်းပင်၊ ချဉ်ပေါင်ပင်နှင့် ကန်စွန်းပင်များကို ဝန်ထမ်းများက စုပေါင်း၍စိုက်ပျိုးထားရှိခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးဇော်နေလင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်တင်မာရီ တို့သည် စားသုံးပြည်သူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် (၂၀-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ရောက်ရှိပြီး ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအုန်းမြင့်(ဦးစီးမှူး) ဦးဆောင်သောဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဖေဖော်ဝါရီလအတွင်း ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေမှုရှိ/မရှိ၊ အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ၊ ဝယ်ယူရရှိမှုအခြေအနေ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/မရှိတို့ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် (၁၉-၂-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် သရက်ခရိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့်အတူ အမှတ်(၁/၂/၃/၄) ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင