သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ (၄)ရပ်ကွက်ရှိ (အ.လ.က-၂)ကျောင်းခန်းမဆောင်၌ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဖျာပုံမြို့၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၁၆)ရပ်ကွက်ရှိ ပြည်သူ(၁၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သီရိရတနာ” ဆန်စက်လုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အနေဖြင့် ဆည်ရေရရှိသည့်အပေါ်မူတည်၍ မိုးစပါးနှင့် နွေစပါးများကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ ယခုအချိန် (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် စိုက်ပျိုးထားသော မိုးစပါးများကို (၁/၂၀၂၄)လကုန်တွင် ရိတ်သိမ်းပြီးစီးခဲ့ပြီဖြစ်ပြီး (၂၀၂၃-၂၀၂၄) ခုနှစ်ထွက် နွေစပါးများစိုက်ပျိုးရမည့်အချိန်သို့ ရောက်ရှိလာပြီဖြစ်ပါသည်။ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှလည်း နွေစပါးနှင့်နွေတခြားသီးနှံများစိုက်ပျိုးရန်အတွက် သဖန်းဆိပ်ရေလှောင်တမံတွင် ဆည်ရေပေးဝေရန် ရေလုံလောက်မှ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ (၁၃-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာ