သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Feb 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်လာစေရန်ရည်ရွယ်၍ (၁၉-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတ

23 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ  ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် (၂၂-၂-၂၀၂၄) ရက်နေ့တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသော Sut-3 (ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

23 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၁-၂-၂၀၂၄) ရက်နေ့တွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်အတွင်းရှိ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဆေးအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

23 Feb 2024

    စားသုံးသူရေးရာဦးစီးဌာနဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်၍  (၁၅.၂.၂၀၂၄)ရက်နေ့မှ (၁၆.၂.၂၀၂၄) ရက်နေ့  နံနက်(၁၀:၀၀) နာရီမှ ညနေ (၁၆:၀၀)နာရီအထိ ဟင်္သာတမြို့နယ်၊ ဈေးကလေး လမ်း၊ တာငါးဆယ်(မ)ရပ်ကွက်ရှိ ခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်း(၁၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးသင်တန်း ကျင်းပခဲ့ပါသည်။

23 Feb 2024

  စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၉.၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)ထန်းပင်ကွေ့အရှေ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်(၁၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

Pages