သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းဆက်စပ်ပစ္စည်းများဝယ်ယူသုံးစွဲသူများ အဆင်ပြေရန်ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင် နှင့် ရပ်ကွက်များ၌ ရောင်းချလျက်ရှိသောဆေးဆိုင်နှင့် ဆေးစတိုးဆိုင်များအား ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နံနက် (၁၁း၃၀) နာရီအချိန်တွင် လုပ်ငန်းရှင်ဆေးဆိုင်ပိုင်ရှင်များနှင့် သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊၊
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး ဒုဦးစီးမှူးအပါအဝင် ဝန်ထမ်း (၄) ဦးတို့သည် (၂၂-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၀)နာရီအချိန်တွင် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ စားအုန်းဆီလက်လီရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် (၁၂)ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်သန်းပါ အဖွဲ့ဝင်များလိုက်ပါလျက် ပဲခူးလမ်းမကြီးပေါ်ရှိ လက်လီရောင်းချနေသော ဒေါ်နီနီဝင်း(ကုန်စုံဆိုင်)၊ ဒေါ်သူဇာ (ကုန်စုံဆိုင်)၊ ဦးကြည်(ကုန်စ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း (ဦးစီးမှူး) ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့သည် (၁၉-၂-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမှတ်(၁၂၃)၊ ဘုရင့်နောင်လမ်း၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ အင်းစိန်မြို့နယ်ရှိ လော်ပန်ဘီစကစ်နှင့် ကွတ်ကီးစက်ရုံသို့သွားရောက်ကာ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ တိုက်ကြီးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ (၂)ဦးတို့သည် မြို့မဈေးရှိ ဈေးရုံးခန်းမတွင် ဈေးသူ/ ဈေးသားများအား စားသုံးသူကာကွယ်ရေးဟောပြောဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်း များသည် PPRD မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ / မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ / မရှိတို့၏ အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့ တင်ပြလျက်ရှိရာ (၁၈.၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဒဂုံမြို့သစ်ခရိုင် ၊အမှတ် -၁(၉၅၈/၅၉/၆၀) ငါးမာန်အောင်ဘုရားလမ်း၊ (၃၃) ရပ်ကွက်ရှိ M