သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၅-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ မြို့နယ်တာဝန်ခံ ဦးမြင့်ကြည်(ရုံးအုပ်)နှင့်ဝန်ထမ်းများသည် ဂွတ်ရှယ်ယိုစုံလုပ်ငန်းရှင်နှင့် လက်ဆောင်မွန်အမှတ်တံဆိပ် အာလူးကြော်လုပ်ငန်းရှင်အားခေါ်ယူ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာထည့်သွင်းနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
“စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား အလေးထားလိုက်နာခြင်း အားဖြင့်ပြည်တွင်းဆီစက်ကဏ္ဍဖွင့်ဖြိုးတိုးတက်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲအား (၂၄-၃-၂၀၂၄) ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေးရုံးဌာနခွဲ)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) ပါပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။အဆိုပါဆွေးနွေးပွဲသို့ အစား အ
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၏ သက်ဆိုင်ရာဧရိယာအတွင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်း များအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အသေးစိတ်စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း၌လည်း ခရိုင် အဆင့်ဖွဲ့စည်းထားသဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်သွယ်မှု/ ကုန်စည်စီးဆင်းမှုများအပေါ် သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း အကောင်အထည်ဖော် လုပ်ကိုင် ဆောင်ရ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ အပတ်စဉ် တနင်္လာနေ့တိုင်းကို ပလတ်စတစ်မသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များအစား စက္ကူအိတ်၊ အင်ဖက်များသုံးစွဲစေရေး၊ စျေးလာရောက်ဝယ်ယူပါက ခြင်းတောင်းများယူဆောင်လာစေရေးအတွက် အသိပညာပေးများကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏လမ်းညွှန်မှာကြားချက်အရ၊ တိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် ခရိုင် အတွင်းမြို့နယ်များ တွင် ရောင်းချနေသောဘိလပ်မြေဆိုင်များတွင် ကုန်ပစ္စည်းလက်ကျန် အခြေအနေများကို သိရှိနိုင်ရန် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။