သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
15 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ဇလွန်မြို့နယ် ဗျည်းညားကျေးရွာအုပ်စု၊ ဦးနိုင်ဦးနေအိမ်၌ ဆန်စက်လုပ်ငန်းရှင်များအား  (၇.၂.၂၀၂၄) နေ့ နံနက် (၀၉:၀၀)နာရီတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

15 Feb 2024

   သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ တာမွေဈေးအတွင်းရှိ ကိုအောင်မြင့်ဆေးဆိုင်နှင့် အောင်ဆေးဆိုင်၊ တာမွေဈေးရှေ့ရှိ ရွှေမန်းဆေးဆိုင်တို့အား ဈေးစည်ပင်သာယာရေးကော်မတီနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဒုကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း ၃ဦးတို့သည်   (၆-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

15 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှုးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်း များသည် PPRD က ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချခြင်းရှိ/ မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/ မရှိအခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

15 Feb 2024

  မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေပြည့်စုံဈေးရှိ ဈေးစည်ပင်သာယာရေးကော်မတီနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆွေဆွေမွန်(ဦးစီးမှူး)နှင့်ဝန်ထမ်းများသည်   (၅-၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ရွှေပြည့်စုံဈေးအတွင်းရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများရောင်းချသည့် ဆေးဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

15 Feb 2024

     အင်းစိန်မြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဈေးကွက်တင်သွင်းရောင်းချလျက်ရှိသော ဆေးဝါးများဖြစ်သည့် ဗီတာမင်ဓာတ်ဖြည့်အားဆေး၊ ရာသီတုပ်ကွေး၊ ကိုဗစ်-၁၉ ကာကွယ်/ ကုသရာတွင် အသုံးပြုသောဆေးဝါးများ၊ ထိုးဆေး၊ သောက်ဆေးအမျိုးမျိုး၊ Oxygen Concentrator Oximeter နှင့် အောက်ဆီဂျင်အိုးအမျိုးမျိုး အစရှိသော ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းဈေးနှုန်းများကို အပတ်စဉ် ဈေးကွက်ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးစုံစမ်းလျက်ရှိပါသည်။ ယခုအခါ မြောက်ပိုင်းခရိုင်အတွင်းရှိ အင်းစိန်၊ တိုက်ကြီး၊ မှော်ဘီမြို့နယ်မျ

Pages