သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (CTQM) ၊ လှည်းကူးတွင် သိုလှောင်သီးနှံပိုးမွှားကာကွယ်နှိမ်နင်းရေးရက်တိုသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်(MITS)မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်လွင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သတင်
စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏ ပင်မလုပ်ငန်းဖြစ်သော စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေရုံသာမက ပြည်တွင်းကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း ရှင်များအား ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု၊ အခက်အခဲများအား ရင်းနှီး ပွင့်လင်းစွာ မေးမြန်းကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၉.၂.၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီမှ (၁၀:၀၀) နာရီအထိ မကွေးမြို့၊ ရန်ပယ်စျေး၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ ကုန်စည်များအား နမူနာဝယ်ယူ၍ Mobile Lab ဖြင့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးလတ်နှင့် မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေးများ၊ လိုက်နာရမည့် တာဝန်များနှင့် ပြစ်မှုပြစ်ဒဏ်များအား သိရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များအားသိရှိပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ စားသုံးအသုံးပြုနိုင်စေရန်အသိပညာပေး ဆွေးနွေးပွဲများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ နန်းတော်ကုန်းရပ်၊ မိတ္ထီလာမြို့၌ “ HAIR CULTURE” လူသုံးကုန်လုပ်ငန်းထုတ်လုပ်ဖြန်ဖြူးရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများ၌ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးရုံးသို့ လာရောက်တွေ