သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Feb 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်  ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ  ၅ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် များရှိသည့်အနက် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

16 Feb 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ပင်ခရိုင်၊ မအူပင်မြို့နယ်၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်ကြသော မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဆင့် (၁)၊ ကျန်းမာရေးမှူးတို့ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာန​မှ မြို့နယ်တာဝန်ခံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့လိုက်ပါလျက် (၈-၂-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းအချိန်၌ မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်များသို

16 Feb 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၈-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်းကျေးရွာရှိ (အ-မ-က) ကျောက်ဝိုင်းကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

16 Feb 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့်ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနှင့်ပူးပေါင်း၍  (၇-၂-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထီကွေ့(အ.မ.က)ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ/ ဆရာ/ဆရာမ (၁၆၂)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ကြသည်။

16 Feb 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးခိုင်လွမ်းမိုးနှင့် တာဝန်ရှိဝန်ထမ်းများသည် (၈-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ ဇေယျတုသောက်ရေသန့်လုပ်ငန်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူသွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages