သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
19 Feb 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်ဌေး (ရုံးအုပ်)၊ ဒေါ်ဖြူဖြူမြင့် (ဒုကြီးကြပ်ရေးမှူး)၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမြင့်ထွေး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ဈေးတာဝန်ခံ ဦးဝေဝင်းအောင်တို့သည် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် တိုက်ကြီးနှင့်မှော်ဘီမြို့နယ်ရှိဈေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

19 Feb 2024

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်စတိုးအရောင်းဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ အား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

16 Feb 2024

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာတိုင်းရင်ဆေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ တမံကြီးကျေးရွာရှိ အ.ထ.က (ခွဲ) စာသင်ကျောင်

16 Feb 2024

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများကိုဝယ်ယူစားသုံး ရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးပြင်ပရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီကန်ရပ်ကွက်တွင်ရှိသော ဆေးဆိုင်များနှင့်စတိုးဆိုင်များသို့သွားရောက်ကာ ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ကလေးအာဟာရဖြည့်စွက်စ

16 Feb 2024

      ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီတွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စျေးကွက်အတွင်းဖြန့် ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ဘေးအန္တာရယ်ဖြစ်နိုင်သည့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်းရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပ

Pages