
ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၂၁)ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးပြည်သူအသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှ စားသုံး သူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်မှ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်ပြီး ပင်ရင်းပါဝင်ပစ္စည်း အမျိုးအမည်နှင့် အသားတင်ပမာဏ၊ အရွယ်အစားတို့ကိုလည်း မြန်မာဘာသာဖြင့် ပြည့်ပြည့်စုံစုံဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည့် အခြေအနေ များ ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
