သရက်မြို့၌ စားသုံးသူအသိပညာပေး ဟောပြောပွဲ (Talk Show) ပြုလုပ်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဒုတိယ ဦးစီးမှူး ဒေါ်ရီရီထွေးသည် (၂၄.၁၀.၂၀၂၅)ရက်နေ့၊ နေ့လည်(၁၅:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ စားသုံးသူအသိပညာပေး ဟောပြောပွဲ (Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

      အဆိုပါဟောပြောပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ရရှိပြီးမှသာ ရောင်းချစေရန်နှင့် အွန်လိုင်းတွင်ရောင်းချနေသော လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ ကုန် အညွှန်းအမှတ်အသားပြည်စုံသည့် ကုန်စည်များကိုသာ ဝယ်ယူတက်စေရေး၊ နစ်နာဆုံးရှုံးမှုများရှိပါက Hot line No.1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ဌာနအနေဖြင့် စားသုံးသူသတင်းပြန် ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာများဖွင့်လှစ်ပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)