သတင်းနှင့် လှုပ်ရှားမှုများ
(၁၆-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းနှင့် ခေမာသီလမ်းထောင့်ရှိ Kan Thar Yar Shopping Mall သို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မအူပင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မအူပင်မြို့နယ်စစ်ချောင်း အ.ထ.က.ခွဲကျောင်းသို့ သွားရောက်၍(၁၅.၁.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်၍ (၁၅.၁.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၂:၀၀) နာရီ အချိန်တွင် ပြည်သူ(၁၅၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းကို သိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်၍ ငပုတောမြို့နယ် စည်ပင်သာယာရေးမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးနှင့် ဝန်ထမ်းများသည် ၁၇-၁-၂၀၂၃ ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က(၃) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆရာ၊ ဆရာမ (10) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ စုစုပေါင်း (၂၁၀) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။