သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ (၂၆.၈.၂၀၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီတွင် ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ/ လက်ကား ရောင်းချနေသောဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားသွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးသည် ပြည်တွင်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ (၂၆.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ “Ei Bakery” ကိတ်မုန့်မျိုးစုံ လုပ်ငန်းရှင် ဒေါ်အိဖြူနှင့်တွေ့ဆုံပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအခြေအနေများအား မေးမြန်းခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေး ဦးစားပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး တောင်းဆိုတတ်စေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးတတ်စေရေး ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ (၂၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မဈေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ကြွပ်ကြွပ်အိပ်များမသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၂၆.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီ
