
ဖောင်းပြင်မြို့ပေါ်ရှိ အထကကျောင်းဝန်းအတွင်း ရောင်းချနေသည့် မုန့်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့် ( ၁၃.၁၀.၂၀၂၅ ) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အထကကျောင်းဝန်းအတွင်း ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့် အရန်သင့်အစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ကျောင်းသား/သူများအနေဖြင့် အတုယူမှားစေတတ်သည့် ကစားစရာများနှင့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
