ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၅.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၂:၀၀)အချိန်တွင် တိုက်ကြီးမြို့နယ် ဘူတာရပ် ကွက်နှင့်ဈေးရပ်ကွက်ရှိ စတိုးဆိုင်နှင့်ဆေးဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ပိုင်စတိုးနှင့်ထွန်းရတနာဆေးဆိုင်များတွင် တွေ့ရှိရသော ကလေး အာဟာြဖည့်စွက်စာအမျိုးမျိုးမှာ Gold Power၊ Pedia Sure၊ Durpro တို့တွင် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာ ဖော်ပြထားခြင်း၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များလည်း ဖော်ပြထားပြီး ဌာန ဆိုင်ရာအသီးသီးမှ သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ ထုတ်လုပ်ထားကြောင်း စစ်ဆေး တွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက် များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)