သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jul 2025
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ လှည်းကူးမြို့နယ်ခွဲ မှ စစ်ဆေးရေးအရာရှိ ဉီးထွန်းထွန်းဉီးသည် (၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၄၅)နာရီအချိန်တွင် အမှတ်(၁၃၂)၊ စေတနာ(၁)လမ်း၊ သရက်ကုန်းကျေးရွာ၊ လှည်းကူးမြို့နယ်ရှိ Noble Home Myanmar Real Estates ဝန်ဆောင်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။
16 Jul 2025
(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဦးဇော်မြင့်သည် အမှတ်(၂၂)၊ သပြေတန်းလမ်းသွယ်၊ သရက်ခြံကျေးရွာ၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ထန်းတပင်မြို့နယ်ရှိ Aye’s Kitchen လုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
16 Jul 2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၁.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
16 Jul 2025
၂.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
16 Jul 2025
၃.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် “LWIN Family” အမှတ်တံဆိပ်ဖြင့် သဘာဝငှက်သိုက်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

Pages