သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
01 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဇီးဖြူကျွန်းရှိ ဦးလှဖုန်း၏ ကွမ်းသီးခြောက်လုပ်ငန်းသို့သွားရောက်၍ ကွမ်းသီးခြောက်လုပ်ငန်းအတွက် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးဆွေးနွေးခြင်းကို (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁း၀၀)နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

01 Dec 2023

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် (၁၈-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

30 Nov 2023

    ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဘုရားကလေးကွင်းကျေးရွာ၊ “အောင်ချမ်းသာ” ဆန်စက်သို့ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

30 Nov 2023

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမ

30 Nov 2023

    ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက်(၀၇း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကမ်းနားပျံကျစျေးအတွင်းရှိ အသား၊ ငါးအရောင်းဆိုင်တို့အား သက်ဆိုင်ရာဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊စိုက်ပျိုးရေး ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

Pages