သတင်းနှင့် လှုပ်ရှားမှုများ
“နိုင်ငံ့စီးပွားရေးအခြေအနေကောင်းများဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်” ဆိုသည့်မူဝါဒနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံ့စီးပွားရန်ပုံငွေထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်လာစေရန်တို့အတွက် နိုင်ငံ့စီပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသတ်မှတ်မူဘောင်အပေါ် တောင်သူများအနေဖြင့် သွင်းအ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ကံကြီးဒေါင့်ကုန်း၊ မူလွန်ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ခရိုင်ရုံးဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပန်းတနော်မြို့ရှိ ဖိုးလမင်း ဆန်စက်သို့သွားရောက်၍ ဆန်စက်လည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းသော တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၉း၄၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ မြို့မဈေး၊ ဇကာကြီးဈေးရှိ စားသုံးဆီရောင်းချနေသော စားသောက်ကုန်စုံဆိုင်(၄)သို့သွားရောက်၍ ရောင်းချနေသောစားသုံးဆီအမျိုးမျိုးတွင် ဘေးအန္တရာယ်ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်မှုရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၂၂-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ (၈)လမ်းဈေး၊ မြို့မဈေး၊ ရပ်ကွက်ဈေးအတွင်းရှိ စားသုံးဆီများရောင်းချနေသော ကုန်မျိုးစုံဆိုင်(၆)ဆိုင်သို့သွားရောက်ကွင်းဆင်း၍ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။