သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jul 2024

           စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၅.၇.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ သစ်ဆိမ့်ကိုင်းကျေးရွာအုပ်စု၊ ဆည်ဦးဓမ္မာရုံ၌ ဆန်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

16 Jul 2024

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၅.၇.၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ဈေးတာဝန်ခံရုံး၌ စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင် (၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

16 Jul 2024

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဦးစီးအရာရှိဦးအောင်ကျော်မင်း ဦးဆောင်၍ (၉.၇.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်အတွင်းရှိ ဆန်စက်နှင့်ဆန်သိုလှောင်ရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ကာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအတွင်းရှိ မင်းထက်စံဆန်စက်၊ ရွှေလဝင်းဆန်စက်၊ အိုအေစစ်ဆန်စက် တို့ကိုသွားရောက်ခဲ့ပြီး ဆန်သိုလှောင်ရုံများ၏ အရွယ်အစား၊ တည်ဆောက်ထားမှုအခြေအနေ၊ သိုလှ

16 Jul 2024

         စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၅.၇.၂၀၂၄) ရက်နေ့ နေ့လည်(၁၃:၀၀) အချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ထူးကြီးမြို့ရှိ “ရွှေပြည်စိုး” နှစ်ပြန်ကြော်လုပ်ငန်းအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

16 Jul 2024

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်  မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၉-၇-၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မြို့ပေါ်ရှိ ဆန်လက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages