သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
16 Jul 2025
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) ၊ ဦးသိန်းထွန်း(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ဗိုလ်တထောင်မြို့နယ် (ဂမုန်းပွင့်) ရှိ (၂.၇.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ် (၄၆၀)၊ ကုန်သည်လမ်းနှင့် ဘိုကလေးလမ်းထောင့်၊ ဗိုလ်တထောင် မြို့နယ် (ဂမုန်းပွင့်) အားသွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

16 Jul 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊စားသုံးသူရေးရာဦးစီးဌာန၊ကလောခရိုင်ဦးစီးမှူးရုံး၊အောင်ပန်းမြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်(၂.၇.၂၀၂၅)ရက်နေ့၊(၁၃:၃၀)နာရီတွင် ပင်လောင်းမြို့နယ်ရှိ စားသုံးဆီ လက်လီအရောင်းဆိုင် (၃)ဆိုင်အားလည်းကောင်း၊ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂.၇.၂၀၂၅)ရက်နေ့တွင် ဟဲဟိုးမြို့ပေါ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်(၃)ဆိုင်တို့အား လည်ကောင်း ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

16 Jul 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

16 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာ ရေး)နှင့်ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

16 Jul 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

