
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း(၄)ဦး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှဝန်ထမ်း(၃)ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၄.၉.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိဆေးဆိုင်များ၊ စတိုးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ DUMEX Dupro အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း DUMEX Dupro အမှတ် တံဆိပ် ကလေးငယ်ဖော်စပ်စာအတုများ တင်သွင်းရောင်းချခြင်းမရှိကြောင်း၊ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားရှိပြီး သက်ဆိုင်ရာခွင့်ပြု ထောက်ခံချက်ပါရှိသော ကလေးငယ် ဖော်စပ် စာများကိုသာ ရောင်းချကြောင်းတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြ ထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ဆွေးနွေး၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရှိရသည်။
DOCA(မကွေး)