သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
16 Jul 2025
(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
16 Jul 2025
(၂.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ (၃) ရပ်ကွက်၊ ငွေဥဒေါင်းခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းဦးစီးဌာန၊ ဦးသက်နိုင်ဉီး၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းရေး နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပဆောင် ရွက်ခဲ့ပါသည်။
16 Jul 2025
(၃.၇.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူအောင်ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီး ဌာနတို့ပါဝင်သော အဖွဲ့ဖြင့် မိုးစပါးစိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
16 Jul 2025
(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၂၈၇)၊ ဗိုလ်ချုပ်လမ်း၊ လှိုင်သာယာမြို့နယ်ရှိ မဟာနွယ်ပြတင်းတံခါးအမျိုးမျိုးထုတ်လုပ်ဖြန့်ချိရေး အွန်လိုင်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
16 Jul 2025
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မှော်ဘီ မြို့နယ်ခွဲမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် အမှတ်(၄၀၅)၊ ရဲဘော်ဈေး(၉)လမ်း၊ ရဲဘော်ဈေးစံပြရပ်ကွက်၊ မှော်ဘီမြို့နယ်ရှိ ဖိုးသင်္ကြန်အစိုးရ ရာထူးဝင်သင်တန်းအွန်လိုင်အား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

Pages