တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့တွင် ‌ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ  အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်း ရေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့က လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင်  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။

            ဆက်လက်၍ ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေး လူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန့်ပို့ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA (ဧရာဝတီ)