
မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနောက်ပိုင်း ရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၌ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ၂၁-၉-၂၀၂၅ ရက်နေ့ နေ့လည် ၁၄၀၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်နှင့် ဝန်ထမ်း များသည် အနောက်ပိုင်းရပ်ကွက် ကမ်းနာလမ်းရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချသော ကုန်ပစ္စည်း များတွင် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား များဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည်အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ အခြားဘာသာဖြင့် တွဲလျက် ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ထုတ်ပြန် ထားသော အချက်(၇)ချက်ကို လိုက်နာကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ ကုန်မျိုးစုံဆိုင်၊ စတိုးဆိုင်များအား ဆက်လက်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
DOCA(ဧရာဝတီ)