သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း (၁/၂၀၂၃)ကို (၁၅.၁၁.၂၀၂၃)မှ (၁၆.၁၁.၂၀၂၃) ရက်နေ့ (၂)ရက်တာကာလကို ကျင်းပခဲ့ကြောင်း သိရသည်။
စားအုန်းဆီဖြန့်ခွဲရောင်းချမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual Meeting စနစ်ဖြင့် (၁၆-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ(၃)၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်၍ ကျင်းပခဲ့ပါသည်။
၁၆.၁၁.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံး၊ သထုံခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၃၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ၁၅.၁၁.၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့အတွင်းရှိ ကျေးဇူးတော်သောက်ရေသန့်စက်ရုံ၊ လတစ်ဆယ် သောက်ရေသန့် စက်ရုံနှင့် နှင်းပုလဲကျေးရွာရှိ Golden Boat သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။