သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃)ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ဓနုဖြူမြို့နယ် အင်းတွန်ကြီး ကျေးရွာ အ.မ.ကကျောင်းရှိ ကျောင်းသားကျောင်းသူ(၇၀)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း လုပ်ငန်းကို မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခြင်းပြုလုပ်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၃.၁၁.၂၀၂၃)ရက်နေ့ (၁၀၀၀)နာရီ အချိန်တွင် ညောင်တုန်းမြို့နယ် မြန်မာပြာသာကျေးရွာရှိပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ မိတ်ဖက်ဌာနများနှင့်အတူ ကွင်းဆင်း၍ အသိပညာပေးဟော ပြောခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ကြပါ သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဈေးကွက်အတွင်း၌ ဘေးကင်းလုံခြုံစိတ်ချရသောကုန်စည်များ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက် ရှိပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ (၁၅.၁၁.၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့်လုပ်ငန်းရှင်(၂)ဦးအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။<
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၁၄-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ အောင်သပြေဈေးအတွင်း ရေသန့်ရောင်းချသောဆိုင်များရှိ ရေသန့်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။