သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Nov 2023

   ၁၆.၁၁.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်အထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံး၊ သထုံခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၃၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

22 Nov 2023

   မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ စားသုံးသူအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ၁၅.၁၁.၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

22 Nov 2023

 စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃) ရက်နေ့တွင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့အတွင်းရှိ ကျေးဇူးတော်သောက်ရေသန့်စက်ရုံ၊ လတစ်ဆယ် သောက်ရေသန့် စက်ရုံနှင့် နှင်းပုလဲကျေးရွာရှိ Golden Boat သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့သည်။

22 Nov 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၄.၁၁.၂၀၂၃) ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ သောက်ရေသန့်စက်ရုံများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

22 Nov 2023

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းဆွေသည် (၈.၁၁.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ငါန်းဇွန်မြို့ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ (၉.၁၁.၂၀၂၃)ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်၌ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော နံရံကပ်စာစောင်၊ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မ

Pages