သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆-၅-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၄၅)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ပဲခူးခရိုင်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ လက်လီ/ လက်ကား ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းအရောင်းဆိုင်များအား (၃.၅.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပါရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ မေလ (၂)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၉)ဆိုင်အား တရားမဝင် တင်သွင်းထား သော ဆေးဝါးများနှင့်စပ်လျဉ်း၍ ဈေးက
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၄.၅.၂၀၂၄ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပသော စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတို့မှ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆောင်ရွက်ချက်များဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်၊၊
