ကန့်ဘလူမြို့နယ်၌ DUMEX DUPRO လက်လီ/လက္ကားဖြန့်ဖြူးသည့်ဆိုင်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၀၉:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်တို့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အထူးစုံ စမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ပြန်/ဆက်၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊အမှတ်()ရပ်ကွက်ရှိ  DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေးဖော်စပ်စာ လက်လီ/လက္ကားဖြန့်ဖြူးသည့်ဆိုင်အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းရှင်မှ DUMEX DUPRO အမှတ်တံဆိပ် နို့စို့ကလေး ဖော်စပ်စာအား ကုမ္ပဏီမှတိုက်ရိုက်မှာယူ၍ လက်လီ/လက္ကားဖြန့်ဖြူးကြောင်း၊  သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်ပါရှိသော ကုန်ပစ္စည်းများကိုရောင်းချပြီး အတုအပများ ရောင်းချခြင်းမရှိ ကြောင်း၊ သက်ဆိုင်ရာဌာနများက ဖြန့်ဖြူး/ရောင်းချခြင်းမပြုလုပ်ရန် အသိပေးကြေညာထားသည့် ကုန်ပစ္စည်းများကို ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန်နှင့်  ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရ နိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရ ရှိသည်။

DOCA(စစ်ကိုင်း)