သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
03 Jan 2024

  (၂၀၂၄-၂၀၂၇) ခုနှစ် သက်တမ်းအတွက် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း (ရှမ်းပြည်နယ် (တောင်ပိုင်း)အသင်းခွဲ)၏ အလုပ်အမှုဆောင်သစ်များ ပြန်လည်ရွေးချယ် ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ၊နံနက်(၁၀:၀၀) နာရီအချိန်၊ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

03 Jan 2024

   မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး ၄/၂၀၂၃ ကို ၂၉.၁၂.၂၀၂၃ ရက်နေ့ ၊နံနက် ၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်၊စားသုံးသူရေးရာကော်မတီ ဥက္ကဌ နိုင်လယိတမနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

03 Jan 2024

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်/လယ်ယာဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာန လူမှုကူညီရေးအသင်း နှစ်ပတ်လည် အသင်းသားစုံညီအခမ်းအနားကို ၃၁.၁၂.၂၀၂၃ ရက်နေ့ ၊နံနက် ၁၀:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကုန်သွယ်/လယ်ယာ ဝန်ထမ်းဟောင်းများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

03 Jan 2024

    ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁၂/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

03 Jan 2024

    ကော့သောင်းမြို့၊ မူ/လွန် ကံပုံလားမားစာသင်ကျောင်း၌  ကော့သောင်းခရိုင်၊ စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ) သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်နည်းလမ်းများအကြောင်းကိုဟောပြောပို့ချခဲ့ပြီး ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မေဇင်ဦး(

Pages