သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ကြီးကြပ်ရေးမှူး ဒေါ်သီတာဌေးသည် (၂၀-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘားအံမြို့၊ တရုတ်လှစံပြကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ အစည်းအဝေးခန်းမတွင် မိတ်ဖက်ဌာနများနှင့်အတူ ကျောင်းသား/ သူများနှင့် ဆရာ/မများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမြင့်(ဦးစီးမှူး)၊ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)နှင့် ဒေါ်ထားမဲင်းဇိန်(ရုံးအကူမှူး)တို့သည် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၆ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အခြေခံပညာအတန်းကျောင်း (အ.ထ.က) (၁)၊ ဗိုလ်တိုက်ချွန်းခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေ ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်(၁၀;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ယွန်းမီမီထွန်း၊ ကျွန်းလှမြို့မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟမင်းခိုင်နှင့် ဝန်ထမ်းတစ်ဦး၊
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမောင်မောင်ကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းတို့နှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရေတွင်းကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဆရာ/ ဆရာမ(၁၂)ဦး၊ ကျောင်းသား/ ကျောင်းသူ(၁၂၀)ဦးအားလည်းကောင်း၊