သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးဥပဒေအသိပညာပေး Talk Show အစီစဉ်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဆေးဝါးပစ္စည်းရောင်းချသည့်လုပ်ငန်းရှင် (၈) ဦးအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် အသိပညာပေး ဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်အား/ ကာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် သာယာဝဲကျေးရွာ၊ အ.ထ.ကခွဲ ကျောင်းတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည်(၁၅.၆.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ရန်လင်းရပ်ကွက်၊ ပြည်တော်သာလမ်း၊ ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ ကြောင်းသိရှိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါန်းဇွန်မြို့နယ် တာဝန်ခံသည် (၁၇.၆.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ငါန်းဇွန်မြို့ရှိ အမှတ်(၂)၊ အခြေခံ ပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ (၁၉.၆.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
