သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Oct 2023

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၇-၁၀-၂၀၂၃)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် (၈)ရပ်ကွက်ရှိ အ.လ.က(ခွဲ)ကျောင်းတွင် ကျောင်းဆရာ/ဆရာမ (၁၈)ဦး နှင့် ကျောင်းသား/ကျောင်းသူ (၁၆၀)ဦး စုစုပေါင်း (၁၇၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

25 Oct 2023

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးတင်စိန်နှင့်ဝန်ထမ်းများသည်(၁၇-၁၀-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် (၂)ရပ်ကွက်ရှိ”သိမ့်”မုန့်မျိုးစုံအရောင်းဆိုင်သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

25 Oct 2023

          ကရင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ကရင်ပြည်နယ်အတွင်း ဝဥသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၁၉-၁၀-၂၀၂၃ ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့၊ Hotel Perfect ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြန်မာနိုင်ငံ ဝဥအသင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဝဥလုပ်ငန်းရှင် အသင်းအဖွဲ့ချ

25 Oct 2023

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့်  ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း(ဒု-ဦးစီးမှူး) နှင့် ဒေါ်ဝေဝေအောင်(အကြီးတန်းစာရေး)တို့သည် (၁၉-၁၀-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင်  ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

25 Oct 2023

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့ပူးပေါင်း၍ (၁၈-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

Pages