သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Oct 2023

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် နတ်မောက်မြို့၊ မြို့မစျေး၊ စျေးရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်တို့၌ ရောင်းချလျက်ရှိသော မုန့်မျိုးစုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

26 Oct 2023

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  နတ်မောက်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ဖြိုးဝေနှင့်အဖွဲ့သည် (၁၆-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် နတ်မောက်မြို့၊ ဘုန်းတော်ပြည့်ကျေးရွာ၊ အိုးဘိုအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေးဥပဒေပါသိကောင်းစရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

26 Oct 2023

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက်ဌာနအကြီးအကဲများ၏ လမ်းညွှန်မှုဖြစ်သော Green Office & Clean Office ဖြစ်စေရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း မိမိရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး/ စိမ်းလန်းစိုပြေရေး ရုံးတွင်း/ ရုံးပြင်သန့်ရှင်းရေးနှင့် ပန်းအလှပင်များ၊ သီးပင်စားပင်များ စိုက်ပျိုးပြုစုခြင်းတို့ဆောင်ရွက်လျက်ရှိပါသည်။

25 Oct 2023

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။ (၂၀.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်အား ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ရွှေဘိုမ

25 Oct 2023

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၂၀.၁၀.၂၀၂၃ ရက်နေ့တွင် မိုးညှင်းမြို့၊ စိမ်းတောင်ရပ်ကွက်အတွင်းရှိ ဒေါ်ချိုမာ (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

Pages