
ဒေးဒရဲမြို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့ ပြန်/ဆက်ဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Talk Show တွင် မြို့နယ်တာဝန်ခံက မိမိတို့ ဌာနအနေဖြင့် ဈေးကွက်အတွင်း ကုန်စည် နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အဓိက ထားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၁) ကုန်စည်နှင့် ပက်သက်၍ အာမခံချက်ပေးခြင်းအကြောင်း၊ အခန်း(၁၃) ဝန်ဆောင်မှုနှင့် ပက်သက်၍ အာမခံချက်ပေးခြင်းအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများ နှင့် ခရိုင်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားသည့် CICC စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာများဖွင့်လှစ်ထားကြောင်း၊ Call Centre 1535 သို့ ဆက်သွယ် တိုင်ကြား နိုင်ကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)