၂၀၂၆ခုနှစ်၊ ဩဂုတ်လအတွင်း ပြည်ခရိုင်ရှိ အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ

Powered by Drupal

           ၂၀၂၆ခုနှစ်၊ဩဂုတ်လတွင်း ပြည်ခရိုင်အတွင်းရှိမြို့နယ်များတွင် ကုန်စည်အမျိုးအစား အလိုက်ရည်ညွှန်းဈေးသတ်မှတ်ထားသည့်ဈေးနှုန်းအတိုင်းရောင်းချမှုရှိစေရေး၊ အလေးချိန်၊ အချိန် အတွယ်ပြည့်စုံ မှန်ကန်စွာရောင်း ချမှုရှိ စေရေးနှင့်ဈေးကွက် အတွင်းကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရေးတို့အတွက် ရည်ရွယ်၍ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရွာဘဲရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် မြို့မဈေးကြီးအတွင်းရှိ  ကုန်စုံဆိုင်များသို့ စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပန်းတောင်းဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ စားသုံးဆီ အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် ပေါက်ခေါင်းမြို့မဈေးကြီး အတွင်းရှိ စားသုံးဆီအမျိုးမျိုး ရောင်းချနေသည့် ဆိုင်များသို့ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်လဝက၊မြို့နယ်မွေးကု၊မြို့နယ်စီမံကိန်း အဖွဲ့တို့ဖြင့်သွားရောက်၍ အထက်ဖော်ပြပါ ရည်ရွယ်ချက်အတိုင်း ရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ဈေးနှုန်းမြင့်တင်ရောင်းချမှု မရှိဘဲအလေးချိန်၊အချိန်အတွယ်မှန်ကန်ပြည့်စုံစွာဖြင့်ရောင်းချလျက်ရှိကြောင်းသတင်းရရှိပါသည်။

 DOCA(ပဲခူး)