သတင်းနှင့် လှုပ်ရှားမှုများ
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၉.၁၀.၂၀၂၃ ရက်နေ့တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ OKကုန်မာဆိုင် နှင့်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး စီးပွားရေးလုပ်ငန်းရှင် (၂) ဦးအားတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်(၁၇-၁၀-၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် (၆)ရပ်ကွက်ရှိ အမှတ်(၁၀)မူလွန်ကျောင်း၌ ကျောင်းဆရာ/ဆရာမ(၁၃)ဦးနှင့်ကျောင်းသား/ကျောင်းသူ (၃၉၂)ဦး စုစုပေါင်း (၄၀၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီ (ဒုတိယဦးစီးမှူး) တို့သည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် (၁၆-၁၀-၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်နှင့် နေ့လယ်(၁:၀၀)နာရီအချိန်တို့တွင် ဆိပ်ဖြူမြို့အနောက်ပိုင်းရပ်ကွက်ရှိ ပတ္တမြားဈေးအတွင်း၌ စားသောက်ကုန်ရောင်းချသည့် ဈေးဆိုင်(၇)ဆိုင်မှရောင်းချလျက်ရှိသော စားသုံးဆီနှင့်စားသောက်ကုန်ပစ္စည်
ဘိုကလေးမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့ အမှတ်(၁ ) ရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင်မုန့်များ ထုတ်လုပ်ရောင်းချနေသည့် Top Oneမုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် လုပ်ငန်းရှင်(၂၆)ဦးအား မြို့နယ်တာဝန်ခံရုံး ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။