“အေးချမ်းမိုး”ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့နယ် ချောင်းဖျားကျေးရွာ ကားလမ်းပေါ်ရှိ “အေးချမ်းမိုး”ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးရေးကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် “အေးချမ်းမိုး” ရေသန့်စက် ရှိ တာဝန်ခံမှ ရေသန့် တစ်နေ့ ထုတ်လုပ်မှုအနေဖြင့် (၂၀) လီတာဘူးကြီး (၂၅၀) ထုတ်လုပ်ပြီး (၁) လီတာဘူးများကို တစ်နေ့လျှင် (၆၀၀၀) ဘူးခန့် ထုတ်လုပ်ပါကြောင်း၊ ရောင်းချမှုအနေဖြင့် (၂၀) လီတာ (၁) ဘူးလျှင် (၁၀၀၀) ကျပ်နှင့် (၁) လီတာ (၆) ဘူး တစ်ကဒ်လျှင် (၂၅၀၀) ကျပ်ဖြင့် ဒေးဒရဲမြို့နယ်တွင် အနည်းငယ် ရောင်းချရပြီး ဖျာပုံမြို့သို့ အဓိကထား ရောင်းချပါသည်။ လုပ်သားအနေဖြင့် (၉) ယောက်နှင့် လည်ပတ်လျက်ရှိပြီး လုပ်ခလစာအနေဖြင့် တစ်လလျှင် (၂) သိန်းကျပ် နှင့် (၁)သိန်း(၈)သောင်း ကျပ် ခွဲခြားထားပါသည်။ FDA ထောက်ခံချက် အမှတ်များနှင့် စက်မှုလိုင်စင်များလည်း သက်တမ်းတိုး လုပ်ဆောင်ထားကြောင်း တွေ့ရှိရပြီး မြို့နယ်တာဝန်ခံမှ ရေသန့်များ ထုတ်လုပ်ရာတွင် သန့်ရှင်း သပ်ရပ်မှုနှင့် စနစ်ကျသော ထုတ်လုပ်မှုဖြစ်စေရန် လိုအပ်ကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)