ဆားများတွင် အိုင်အိုဒင်းပါဝင်မှု အနည်းအများကို ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၂၀၂၆ခုနှစ်၊စက်တင်ဘာလ (၃) ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ် အတွင်းရှိ  ဆားစက်များနှင့်ကုန်ခြောက်ဆိုင်များတွင်   ထုတ်လုပ်ရောင်းချလျက်ရှိသော   ဆားများ၌   အိုင်အိုဒင်းပါဝင်မှု အနည်းအများနှင့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိတို့ကို မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်  စားသုံးသူရေးရာဦးစီးဌာနတို့မှတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင်   ဆားများ၌ အိုင်အိုဒင်းပါဝင်မှု  အနည်းအများကို  စစ်ဆေးခြင်း၊  ထုတ်လုပ် ရောင်းချမှုနှင့်   သက်ဆိုင်သည့်   သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ /  မရှိ စစ်ဆေးခြင်းများ   ဆောင်ရွက်ခဲ့ပြီး စားသုံးသူများအနေဖြင့်  အရည်အသွေးပြည့်မီပြီး  ကျန်းမာရေးနှင့်ညီညွတ်သော  ဆားများကို ရွေးချယ်ဝယ်ယူ သုံးစွဲနိုင်ရေးအတွက်   လိုအပ်သည့်   အသိပညာပေးမှုများကိုလည်း   ဆောင်ရွက်ခဲ့ပါသည်။  အဆိုပါကွင်းဆင်း စစ်ဆေးခြင်းသည် ပြည်သူများ စားသုံးနေသော  ဆားများတွင်  အိုင်အိုဒင်းပါဝင်မှု  သတ်မှတ်စံနှုန်းနှင့် ကိုက်ညီ စေရေး၊   စားသုံးသူများ၏   ကျန်းမာရေးနှင့်   အခွင့်အရေးများကို   ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့်  အရည် အသွေးပြည့်မီသော ကုန်စည်များ ရောင်းချနိုင်ရေးတို့အတွက် ရည်ရွယ်၍ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)